ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Friday, January 11, 2013

မအူပင် NLD ပါတီဝင်များ ထပ်မံဆန္ဒ ဖေါ်ထုတ်

          (၂၇-၁၂-၂၀၁၂)ရက်နေ့ ညနေ (၁၅၀၀) နာရီမှစတင်၍ မအူပင် မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်း တည်ရှိရာ အမှတ်(၃)၊ (၉)လမ်း မအူပင်မြို့တွင် NLD ပါတီဝင် (၅၀)ကျော်မှ နေ၍ ဆန္ဒ ထုတ်ဖော်ပွဲ တစ်ခု ဖြစ်ပေါ်ခဲ့ ပါသည်။ ဖြစ်စဉ်မှာ  (၃-၁၂-၂၀၁၂) ရက်နေ့ မအူပင် မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်ကို ကန့်ကွတ်သည့် ဆန္ဒ ထုတ်ဖော်ပွဲတွင် ပါဝင်သော ပါတီဝင် (၂၆)ဦးအား အဖွဲ့ချုပ် အတွင်း စိတ်ဝမ်းကွဲ စေရန် ရည်ရွယ် လုပ်ဆောင်သည် ဟူ၍ သတ်မှတ်ပြီး အမျိုးသား မိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဖြစ်မှုကို ဗဟို ညီလာခံ ကျင်းပချိန်အထိ ရပ်ဆိုင်း ထားကြောင်း ဗဟို အလုပ် အမှုဆောင် အဖွဲ့၏ ကြေညာချက် အပေါ် အခြေပြုလျက် မြို့နယ်ရုံး တည်ရှိရာ လမ်းတစ်ဖက်ခြမ်းတွင် ထိုင်လျက် အေးချမ်းစွာ ဆန္ဒ ထုတ်ဖော်မှုကို ညနေ (၁၈၀၀)နာရီ အထိ ဆောင်ရွက်ခဲ့ပြီး လူစု ခွဲခဲ့ပါသည်။
          ထပ်မံ၍ ဆန္ဒ ထုတ်ဖော်ပွဲကို (၂၈-၁၂-၂၀၁၂) ရက်နေ့ နံနက် (၀၅၀၀) နာရီမှ (၁၁၄၅) နာရီ အထိ မြို့နယ် ပါတီ ညီလာခံ ကျင်းပရန် ပြင်ဆင်ထားသော မအူပင်မြို့ မြို့ရှောင် လမ်းရှိ Kiss Me စားသောက်ဆိုင် ရှေ့တွင် လည်းကောင်း နေ့လည်( ၁၂၀၀)နာရီမှ နေ့လည် (၁၄၀၀) နာရီအထိ အမှတ်(၃)၊ (၉)လမ်း မအူပင်မြို့ရှိ အမျိုးသား မိုကရေစီအဖွဲ့ချုပ် ရုံးရှေ့တွင် လည်းကောင်း ထပ်မံ ပြုလုပ် ခဲ့ပါသည်။ ဆန္ဒ ဖော်ထုတ် သူများသည် '' အပြစ် မရှိ မြို့နယ် ညီလာခံ ကိုယ်စားလှယ် (၂၆)ဦး ဖြုတ်ချခြင်းအား ကန့်ကွတ် ဆန္ဒ ဖော်ထုတ်ခြင်း ပွင့်လင်း မြင်သာသော အများ ပြည်သူ ပါဝင်သည့် ညီလာခံကြီး ပေါ်ပေါက်ရေး ဆိုသည့် စာတန်း ဆိုင်းဘုတ်များ ထောင်လျက် စစ်မှန်သော မိုကရေစီ ရရှိရေးတို့ အရေးအပြစ် မရှိ ညီလာခံ ကိုယ်စားလှယ် (၂၆)ဦး အတည်ပြု ပေးရေး - တို့အရေး ''       '' ညီလာခံရက် ရွှေ့ပေးရေး - တို့အရေး'' '' ဗဟို - ဖား၊ တိုင်း - ဖား၊ လုပ်ချင်ရာ လုပ်နေသော ဦးသောင်းအေး အလိုမရှိ'' အပြော တစ်မျိုး အလုပ် တစ်မျိုး ဗဟို၊ တိုင်း၊ မြို့နယ် ကော်မရှင် ဆုံးဖြတ်ချက် – ခေါင်းမရှိ NLD   ဖြိုခွဲသူ တို့ရန်သူ ဆိုသည့်ြွေကးကြော်သံ များဖြင့် ပါတီဝင် အင်အား (၂၀၀)ခန့်သည် မြို့နယ် ညီလာခံ ကျင်းပသည့် Kissme စားသောက်ဆိုင် ရှေ့တွင် ပိတ်လျက် ဆန္ဒ ဖော်ထုတ် ခဲ့ပါသည်။
          မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်မှ မြို့နယ် ပါတီ ညီလာခံအား အမှတ်(၃)၊ (၉)လမ်းရှိ မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွင် ကျင်းပရန် စီစဉ် ခဲ့သော်လည်း ဆန္ဒ ဖော်ထုတ် သူများမှာ နေရာ ပြောင်းရွှေ့ လိုက်ပါလျက် အမေ အောင်ဆန်းစုကြည်ကို ချစ်တယ်၊ ယုံကြည်တယ်။ မအူပင် NLD ပါတီကို ချစ်တယ်၊ ယုံကြည်တယ် ဟူသော စာတန်း ဆိုင်းဘုတ်များကို ကိုင်ထားပြီး ပါတီရုံးရှေ့တွင် ထိုင်လျက် ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ခဲ့ပါသည်။
          မြို့နယ် ပါတီ ညီလာခံအား ရက်ရွှေ့ဆိုင်း လိုက်သည့်အတွက် ဆန္ဒ ဖော်ထုတ် သူများသည် နေ့လည်(၁၄၀၀)နာရီတွင် ဆန္ဒ ဖော်ထုတ်ခြင်းကို ရပ်ဆိုင်း ခဲ့ပါသည်။

No comments: