ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Friday, January 11, 2013

အင်းတစ်ရာကျေးရွာကNLD ရွေးကောက်ပွဲပြဿနာတက်၍ အပြန်အလှန်တရားစွဲ

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ ဖိုးခေါင်ရဲစခန်းအပိုင် အင်းတစ်ရာကျေးရွာတွင် ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့က NLD ရပ်/ကျေး အလုပ်အမှုဆောင် အဖွဲ့ ရွေးချယ်ပွဲပြုလုပ်ရာ သဘောထား ကွဲလွဲ၍ တစ်ဖက်နှင့် တစ်ဖက် တင်းမာမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအ၀င် လုံခြုံရေး အဖွဲ့အစည်း အသီးသီးမှ တာဝန်ယူပေးခဲ့ကြရပြီး ရွေးကောက်ပွဲအားလည်း ရပ်ဆိုင်းခဲ့ရကြောင်း သတင်းရရှိပါသည်။

'' ရွေးကောက်ပွဲက ဦးထွန်းကြည်အိမ်မှာ (၁၁၃၀)နာရီမှာ စလုပ်ရာမှ NLD ခရိုင်အတွင်းရေးမှူး ဒေါ်ခင်မြတ်သူ၊ အဖွဲ့ဝင်စိုင်းမင်းသိမ်း၊ မြို့နယ်ဥက္ကဌ ဦးလှဝင်း၊ မြို့နယ်အဖွဲ့ဝင် ဒေါ်အိသက်မွန်တို့ လာကြပြီး ယင်းလူကြီးတွေနှင့် မျိုးဇော်တင့်တို့နှင့် ပြဿနာ တက်ပြီး အစည်းအဝေးကို ရပ်လိုက်ရသည်။ (၁၃၃၀)နာရီမှာပြန်စလို့ရပြီ အဲဒီမှာ ဥက္ကဌဦးသန်းစိုး ပါတဲ့အမှုဆောင် (၁၁)ဦး ရွေးခဲ့နိုင်တယ်။ အင်းတစ်ရာမှာ NLD ပါတီဝင်စာရင်း အရ ၂၄၇ယောက် ရှိ၍ ပထမအချိန်မှာ ၁၅၃ယောက်ဘဲ တက်တော့တက်ပြီး ဒုတိယအကြိမ်မှာ စောစောက ကိစ္စကြောင့် ၁၂၆ယောက်ဘဲ တက်တော့တယ်'' ဟု NLD ပါတီဝင်တစ်ဦးမှပြောသည်။ အဆိုပါဖြစ်စဉ်နှင့် ပက်သတ် ဆက်နွယ်၍ ၂၁ရက်နေ့ညမှာ ''မျိုးဇော်တင့်က ဓားကိုင်ပြီး လမ်းမပေါ်ထွက်ပြီး မိုက်မိုက်ရိုင်းရိုင်းတွေ ဆဲတယ်။ စိမ်ခေါ်တာတွေ လုပ်တယ်။ အနားက လူတွေမခံနိုင်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လက်မှတ်ထိုးတိုင်တယ်။ NLD က ကိုမြင့်ကြည်၊ ကိုလှရွှေ၊ ကိုမောင်ဇော်နှင့် ကိုလွင်တိုးလို့ ပြောတယ်။ မျိုးဇော်တင့်ကလည်း တရားရုံးမှာ တိုင်တယ်လို့ပြောတယ်'' ဟု ရပ်မိရပ်ဖတစ်ဦးမှ ဆိုသည်။

တရားရုံးသို့ ဆက်သွယ်မေးမြန်းကြည့်ရာ မျိုးဇော်တင့်မှ ဒေါ်အုံးကြည်ပါ (၈)ဦးသို့ ရာကြီးအမှုအမှတ် ၁၇၆၅/၁၂အရ ၄င်းဦးလှရွှေမှ မျိုးဇော်တင့်သို့ ရာကြီးအမှုအမှတ် ၁၇၆၅/၁၂ဖြင့် ၄င်းအပြန်အလှန် တိုင်ကြားထားခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
 
ရှေ့ဆောင် သတင်းဂျာနယ် အမှတ်(၇)မှ ကူးယူ ဖော်ပြပါသည်။

No comments: