ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Friday, January 25, 2013

မော်တော်ဆိုင်ကယ် ခိုးသူ NLD ပါတီဝင် သုံးဦးအား ခိုးရာပါ ပစ္စည်းနှင့် အတူ ဖမ်းဆီးရမိ

ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာသပြင်တိုက်နယ် ဇာသပြင် အနောက် ကျေးရွာအုပ်စု (ကော့ကျိုက်) ကျေးရွာ၌ ၂၀၁၃ ရက်နေ့ ဇန်န၀ါရီလ (၂၂) ရက်နေ့ နံနက် (၉)နာရီကျော်ခန့် အချိန်တွင် ဒုရဲအုပ် မျိုးလွင် ခေါင်းဆောင်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ၊ ကျေးရွာ ပြည်သူများ ပူးပေါင်းကာ သတင်းအရ မော်တော် ဆိုင်ကယ် ခိုးယူသူများအား ဖမ်းဆီးရာ ပဲခူးတိုင်း အောင်မင်္ဂလာရပ်ကွက် ဆင်ဇလုပ် အုပ်စုနေ (ဘ) ဦးတင်၏ သား ဇော်လေး(ခ) ကျော်နိုင်၊ နေမင်းစိုး နှင့် ဒလမြို့ မှော်စက်နေ (ဘ) ဦးဆန်းဝင်း၏ သား ရန်နိုင်မင်းတို့ (၃) ဦးအား NLD ပါတီဝင် ကတ်ပြားနှင့် အတူ ခိုးရာပါ ပစ္စည်းများဖြစ်သည့် (125 Dream – 2 စီး) ၊ Wave အဖြူ (၁)စီး ပေါင်းသုံးစီးနှင့် သံဖြတ်ကတ်ကြေး(၁)လက်၊ သံဖြတ်လွှ (၁)ချောင်း၊ ဆိုင်ကယ်နှင့် ပတ်သက်သော ပစ္စည်းများ၊ ဟန်းဖုန်း (၂)လုံး တို့အား ဖမ်းဆီးရမိသည်။
အဆိုပါ သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိသော NLD ပါတီဝင် တရားခံ (၃) ဦးအား ဒုရဲအုပ် မျိုးလွင်က တရားလိုပြု၍ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိပါသည်။
 http://channelnewsmyanmar.com/index.php/2013-01-10-07-41-02/218-123 


No comments: