ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Thursday, January 24, 2013

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် NLD အား ပါတီဝင်များက ဆန္ဒပြ


၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၄ ရက်နေ့ နံနက် (၁၀)နာရီ အချိန်မှ နေ့လည် (၁) နာရီ အချိန်ထိ ဒဂုံမြို့သစ် (၈) ရပ်ကွက် ရာဇာဓိရာဇ်လမ်းရှိ မြို့နယ် NLD ရုံးရှေ့တွင် ဦးလင်းကိုကို အသက် (၃၀)၊ (ဘ) ဦးမျိုးမြင့်၊ မှတ်ပုံတင်အမှတ် ၁၄/ဖပန (နိုင်) ၁၇၉၉၇၅ နှင့် ဦးဌေးဝင်းအောင် တို့ ဦးဆောင်သည့် ပါတီဝင်အင်အား (၁၀၀) ဦးခန့်သည့် NLD ကော်မရှင်၏ လုပ်ဆောင်မှုကို မကျေနပ်သဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြကြောင်း သတင်းရရှိသည်။
ဆန္ဒဖော်ထုတ်သည့် အကြောင်းရင်းမှာ ဒဂုံ အရှေ့မြို့နယ် NLD ပါတီ ညီလာခံကို ၂၀၁၃ ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် ပြုလုပ်ရာ ခရိုင်ကော်မရှင် ဥက္ကဋ္ဌ ဦးတင်မြင့် ၊ ဦးစောနိုင်နိုင် (တွဲစည်း) ၊ မြို့နယ် ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသော ဥက္ကဋ္ဌ ဦးလှထွန်း၊ အတွင်းရေးမှူး ဦးကျော်ကျော်မောင်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမျိုးဝေ ၊ ဦးထက်ဇော်ဝင်း အပါအ၀င် ၊ ရပ်/ကျေး NLD စုစုပေါင်း (၈၀) ဦးခန့်က ရွေးချယ်ပွဲ ပြုလုပ်ခဲ့ကြောင်း၊ ထိုရွေးချယ်ပွဲတွင် အုပ်စုဖွဲ့ပြီး ကော်မရှင်များက ဒီမိုကရေစီ နည်းလမ်းနှင့် မညီညွတ်ပဲ အာဏာရှင် ဆန်ဆန် ရွေးချယ် အတည်ပြုပေးခဲ့သဖြင့် ဆန္ဒပြခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် လက်ရှိ အရွေးချယ်ခံရသူများမှာလည်း ပါတီ ရန်ပုံငွေများ စာရင်း မရှင်းခြင်း၊ အကျင့်စာရိတ္တ မကောင်းသူများ ဖြစ်ပါလျက် ပါတီ၏ ပုံရိပ် ကျဆင်းစေရန် ၀င်ရောက်လုပ်ကိုင်နေခြင်း၊ ပါတီတွင်း အာဏာရှင် ဆန်ဆန် ပြုမှုနေခြင်းများ အတွက် ကန့်ကွက်ရန် အတွက် ဆန္ဒ ဖော်ထုတ်ခြင်း ဖြစ်ကြောင်း ဦးဆောင်သူ ဦးလင်းကိုကိုမှ ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသည် ပထမ အကြိမ် ပါတီ ညီလာခံကို မြို့နယ် အဆင့် အသီးသီးတွင် ကျင်းပပြုလုပ်လျက် ရှိပြီး ပါတီညီလာခံမှ မြို့နယ် အဆင့် ရွေးကောက်တင်မြှောက်မှုများအပေါ် မကျေမနပ် ဖြစ်ကာ မြို့နယ်များတွင် ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားလျက် ရှိကြောင်း သိရှိရသည်။

http://channelnewsmyanmar.com/index.php/2013-01-10-07-41-02/174-nld

No comments: