ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Sunday, January 20, 2013

KIA သောင်းကျန်းသူ တပ်သား တစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်


(၁၃ဇန်၁၇)ရက်နေ့ (၁၇၃၀)ချိန်တွင် KIA သောင်းကျန်းသူရင်း (၅)မှ (တပ်သားအဆင့် ရှိ) တူးနိုင်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဖက်လုံခြုံရေးတပ်ဖွဲ့၊ အမှတ် (၃)တပ်စု (မိုးညှင်းတပ်ဆွယ်)သို့ (လက်နက်မဲ့)အလင်းဝင်ရောက်လာခဲ့ကြောင်း၊ အဆိုပါ အလင်း ၀င်ရောက်လာသူအား  စရဖ (မိုးညှင်းတပ်ဆွယ်)၊ တပ်ဆွယ်မှူး ကြည်း -၃၉၃၇၅ ဗိုလ်ကြီးစိုးပိုင် မှ စစ်ဆေးမေးမြန်းခဲ့ရာတွင် မောင်တူးနိုင်၊ (၂၀)နှစ်၊ (ဘ)ဦးစန်းမောင်၊ (မိ) ဒေါ်လှလှ၊ ၁/မညန (နိုင်) ၁၄၈၁၇၆၊ ရှမ်း-ဗမာ/ဗုဒ္ဓ၊ ဒုတိယနှစ် (မြန်မာစာ)၊ အရပ် (၅ပေ၊ ၇လက်မ)၊ မြိုင်သီတာရပ်ကွက်၊ ပင်လုံကျေးရွာ၊ မိုးညှင်းမြို့နယ်နေထိုင်သူသည် နန့်ဝမောင်း၊ ရွှေမှော်၊ ခန့်မှန်းမြေပုံညွှန်း (KH- ၂၀၉၁၇၉) ၌ ရွှေတူးဖေါ်နေစဉ် (၁၂မတ်၂၉) ရက်နေ့ (၀၂၀၀)ချိန်ခန့်တွင် KIAသောင်းကျန်းသူအင်အား (၂၀)ဦးခန့်ရောက်ရှိလာပြီး ယင်းအပါအ၀င် ကျား (၃၂)ဦး၊ မ(၇)ဦး၊ စုစုပေါင်း(၃၉)ဦးတို့အား တပ်သားသစ်စုဆောင်း ရေးအဖြစ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ကြရကြောင်း၊ (၁၂ဇွန်၀၉) ရက်နေ့မှ (၁၂ဇူ၂၈)ရက်နေ့ထိ စစ်သင်တန်းတက်ရောက်ခဲ့ရပြီး၊ သင်တန်းဆင်း ချိန်တွင် သင်တန်းသား (၆၁)ဦး ရှိကြောင်း၊ (၁၂ဇူ၃၀) ရက်နေ့တွင် KIA ရင်း(၅)၊ ခန့်မှန်း မြေပုံညွှန်း (KH- ၈၁၅၃၂၇)သို့ သင်တန်းဆင်း (၃၀)ဦးတို့အား ပို့ဆောင် လွှဲပြောင်းပေးရာ တွင် ပါဝင်ခဲ့ ကြောင်း၊ တပ်ရင်း (၅)တွင်တပ်ဖွဲ့ ၀င်စုစုပေါင်းအင်အား (၄၀၀)ဦးခန့်ရှိပြီး၊ မိုင်းထုတ်လုပ် သည့် စက်ရုံသေး (၁)လုံးလည်းရှိကြောင်း၊ တပ်ရင်း (၅)၊ ဘဏ်ဌာနတွင် (ဗိုလ်ကြီးအဆင့်ရှိ) ဘရန်အောင်ဦးစီး အဖွဲ့တွင် တာဝန်ထမ်းဆောင် ခဲ့ရကြောင်း၊ ကိုယ်ပိုင်နံပါတ် မရရှိသေး ကြောင်း၊ (ဗိုလ်ကြီးအဆင့်ရှိ) ဘရန်အောင်အား တပ်ရင်း (၁၄)သို့ ပြောင်းရွှေ့ရန် အထက်မှ ညွှန်ကြားလာသဖြင့် ယင်းအား လိုက်လံပို့ဆောင်ပေးစဉ် (၁၃ဇန်၁၆)ရက်နေ့တွင် ထွက်ပြေး ခဲ့ကြောင်း၊ (၁၃ဇန်၁၇)ရက်နေ့၊ (၀၇၀၀)ချိန်တွင် မြစ်ကြီးနား ဘူတာမှ အမှတ် (၅၆)အစုန် (အထူးအမြန်)လူစီးရထားဖြင့် လိုက်ပါလာခဲ့ပြီး၊ ဆားမှော် ဘူတာတွင် ဆင်းနေကာ ယင်း၏ မိဘများထံသို့ ဆက်သွယ်ခဲ့ကြောင်း၊ ထို့နောက် မိခင် နှင့်အစ်ကိုဖြစ်သူတို့မှ လာရောက်ကြို ဆိုခဲ့ကြပြီး၊ ယင်းနေ့ (၁၇၃၀)ချိန်တွင် စရဖ (မိုးညှင်းတပ်ဆွယ်)ရုံးသို့ လက်နက်မဲ့ အလင်း ၀င်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


No comments: