ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Friday, January 25, 2013

ဦးအောင်သောင်းနှင့် ပတ်သက်သော သတင်းမှာ တမင်ဂုဏ်သိက္ခာ ကျဆင်းအောင် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သည်ဟုဆို

 

၁၉-၁-၂၀၁၃ ရက်နေ့တွင် အင်တာနက်သတင်းများ ၌တွေ့ရှိရသည့် မိန်းကလေးတစ်ဦးကို အလိုမတူပဲ ဦးအောင် သောင်းမှ မယားငယ်ပြုထားခြင်း ဆိုသော သတင်းနှင့် ပတ်သက်၍ ဦးအောင်သောင်းနှင့် ပတ်သက်သော အသိုင်းအ၀ိုင်းမှ လူများကို မေးမြန်း စုံစမ်းကြည့်ရာ``ဦးအောင်သောင်းက သူ့ရဲ့ ဂုဏ်သိက္ခာကို အင်မတန်တန်ဖိုးထားတဲ့ သူတစ်ယောက်ပါ ဒီလိုအလုပ်မျိုးကို ဘယ်သောအခါမှ လုပ်မယ့်သူမျိုး မဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်။

သူ့မှာ ၀န်ကြီး ဘ၀တုန်းကရော လက်ရှိ ပြည်ခိုင်ဖြိုးမှာရော တာဝန် ထမ်းဆောင်ချိန်မှာ များပြားလှတဲ့ တာဝန်တွေကို ထမ်းဆောင်နေရတဲ့ အတွက် ဒါတွေကို စိတ်ထဲထည့်ချိန်တောင်ရှိမှာ မဟုတ်ပါဘူး ဒီသတင်းဟာ သူ့ကို ဂုဏ်သိက္ခာ ကျဆင်းအောင်၊ အရှက်ရစေအောင် တမင်ဖန်တီး လုပ်ဆောင်တာပဲဖြစ်ပါလိမ့်မယ်´´ဟု ဦးအောင်သောင်းနှင့် နီးစပ်သူတစ်ယောက် ကပြောသည်။

တောင်သာသား တစ်ဦးကမူ ``ဒါ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပါ၊ ဒီသတင်းကို သေချာဖတ်ကြည့်ရင် သတင်းအ လိမ်ကြီး ဆို တာထင်ရှားပါတယ်။ မယားငယ်နဲ့ရတဲ့ ကလေးကို ရန်ကုန်အိမ်မှာ ထားတယ် ဆိုကတည်းက အလိမ်ကြီးမှန်း သိသာလွန်း ပါတယ်။ ဘယ့်နှယ်ဗျာ ရန်ကုန်အိမ်မှာဆိုရင် တစ်နေ့ တစ်နေ့ကို လူပေါင်း သောင်းခြောက်ထောင် ၀င်ထွက် သွား လာနေတာ၊ ဒီကလေးကို တစ်ယောက်မဟုတ် တစ်ယောက် သတိထားမိမှာပဲ သတိထားမိလို့ သံသယဖြစ်လာရင် ဒီလောက်တောင်ကြာမှာ မဟုတ်ဘူး အစောကြီးကတည်းက သတင်းထွက်လာမှာပဲ၊ သူ့မိသားစုကရော ဒီကလေးကို လက်ခံ ထားပါ့မလား၊ ဒါသာမှန်ရင် မိသားစုပြိုကွဲ သွားတာကြာလှပြီ။

နောက်တစ်ခုက မအေးမို့မို့လှိုင်က (၁၀)နှစ်ကြာ ပျောက်ဆုံးနေလို့ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌကို တိုင်မလို့တဲ့၊ ပျောက်ပျောက်ချင်း တုန်းက တော့ မတိုင်ပဲနဲ့ ခုကျမှ တိုင်မလို့လား၊ ကာယကံရှင် မိန်းကလေးကရော အလိုမတူပဲ ယူထားရတာဆိုရင် တစ် နည်း နည်း နဲ့ ကိုယ့်ဆွေမျိုး အသိုင်းအ၀ိုင်းကို အကြောင်း မကြားဘူးလား၊ ပြီးတော့ ကိုယ့်နဲ့ ရထားတဲ့ကလေးကို ကိုယ့် ဆီ မထား ပဲနဲ့ ရန်ကုန် အိမ်ပို့ထားတာကို အမေဖြစ် သူက ဒီတိုင်း ထိုင်ကြည့်နေလား၊ ဒါ တစ်ယောက်ယောက်က တမင် ချောက် ချတာပဲဖြစ်မယ်၊ ကျွန်တော်တို့ တောင်သာ တစ်နယ်လုံးကတော့ ဒီသတင်းကို ဘယ်လိုမှ လက်မခံနိုင်ဘူး။ ကျွန်တော်တို့ တစ်နယ်လုံးက ဦးအောင်သောင်းကို ချစ်ခင် လေးစားဆဲ နောင်လည်းပဲ ဘယ်လိုကိစ္စကြောင့်ဖြစ်ဖြစ် ချစ်ခင်လေး စားမှုက လျော့သွားမှာမဟုတ်ဘူး´´ဟုပြောသည်။

ဒါတွေကို သုံးသပ်ကြည့်မယ်ဆိုရင် လူတစ်ယောက်မှာ ချစ်ခင်သူရှိသလို မုန်းသူလဲရှိမှာ အမှန်ဖြစ်သည်။ သို့သော် ကိုယ့်ရဲ့  အာဃာတကြောင့် သူတစ်ပါးကို အရှက်တကွဲ အကျိုးနည်းဖြစ်အောင်လုပ်တာ ကတော့။ အောက်တန်း ကျလွန်းသည်ဟု ထင်ပါသည်။ နောင် ဒါမျိုးတွေ ဆက်လုပ်မည် ဆိုလျှင်လည်း မည်သည့်အကျိုး သက်ရောက်မှုမျှရှိမည် မဟုတ်ပဲ အမှန် တရားကို ဖော်ထုတ်သူများ၊ အမှန်တရားကို သိထားသူများ၏ လှောင်ပြောင်ခြင်း ကိုသာ ခံရမည်ဖြစ်သည်။ နယ်သူနယ်သား အားလုံးကလည်း အမှန်တရား ဖက်မှသာ ရပ်တည်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိစေလိုသည်။

ဦးအောင်သောင်း ဆောင်ရွက်ပေးခဲ့သော ဖွံ့ဖြိုးရေး လုပ်ငန်းများ တောင်သာ တစ်နယ်လုံးတွင် လက်ညှိုးထိုး မလွဲရှိသည်။ ဒါတွေ ဆောင်ရွ က်ပေးခဲ့လို့လည်း နယ်သူနယ်သား အားလုံးက ချစ်ခင် အားကိုးကြခြင်းဖြစ်သည်။ မည်သည့်အခါ ကမျှ၊ မည်သူမျှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ဖူးသော လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းသည် တော်ရုံတန်ရုံ အရည်အချင်းနှင့် မဖြစ်နိုင် ဆိုတာကို ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သက်သေပြဆောင်ရွက်ခဲ့ ပြီးဖြစ်သည်။ သူ့ထက်မဆိုထားနှင့် သူနှင့်တူသူပင် မရှိနိုင်ပါ။ ဒီသတင်းတင်သူသည် ဒါတွေကို မသိမဖြစ်နိုင်ပါ၊ သိပါလျက်နှင့် ဤသို့လုပ်ဆောင်ခြင်းသည် လူသားမ ဆန်သော လုပ်ဆောင်မှု၊ အမှန်တရားကို လက်မခံနိုင်မှု၊ မိမိ၏အာဃာတ  ကိုရှေ့တန်းတင်မှုနှင့် မင်းသားကြီးမလုပ်ရလျင် ပတ်မကြီး ထိုးဖောက်မယ်ဟူသော နိမ့်ကျသည့် အတွေးအခေါ် အယူအဆများဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်သည် ဟုသုံးသပ် ရရှိကြောင်း တင်ပြလိုက်ရပါသည်။

ဆင်တဲဝသား

2 comments:

Unknown said...

မင်းဖအေ သတင်းကြတော့ လီးလို့ကာကွယ်နေတာလား ဘက်မလိုက်ရဘူးကွ မင်းအမေပေးထားရင်တော့ တစ်မျိုးပေါ့ကွာ ငါ့သားရဲထွန်း ဆီဝင်ကြည့်ရတာ လီးနာတယ်ကွာ

Unknown said...

မင်းတို့ ၀ဲလောင်၊တောင်သာက အောင်သောင်းရဲ့မယားပါသားတွေ အတွက် အောင်သောင်းလုပ်ပေးတာ က ကုသိုလ် ၁ပဲ ပါကွာ ငရဲက ဘယ်လောက်လုပ်ထားမလဲ ဆိုတာကတော့ မင်းတို့ကို လီးနဲ့ထိုးမွေးထားတဲ့ အောင်သောင်းမှ အသိဆုံးနေမှာ