ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Thursday, December 27, 2012

တောင်ကြီးအထက(၄) ကျောင်းအုပ်ဆရာမကြီး လုပ်ရပ်များ အတွက် အရေးယူ ပေးပါရန် (ပေးစာ)

တောင်ပိုင်း တောင်ကြီးမြို့ အထက(၄) ကျောင်းတွင် ၂၀၁၂-၂၀၁၃ ခုနှစ် တက္ကသိုလ် ၀င်တန်း ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများမှ အမှတ်တရ ထရက်ဆု အင်္ကျီများ ချုပ်ရန် အတွက် အင်္ကျီ၏ နောက်ကျော်တွင် မြန်မာနိုင်ငံ၏ လွပ်လပ်ရေး ဖခင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းပုံကို ဒီဇိုင်း ရေးဆွဲရာ ကျောင်းအုပ်ကြီးမှ တွေ့ရှိသွားပြီး ၄င်း ဒီဇိုင်း ရေးဆွဲသည့် ဒသမတန်း grade 11 E တွင် ပညာ သင်ကြား နေသော ကျောင်းသား မောင်မင်းရသ အား ကျောင်းမှ ၁၇-၁၂-၂၀၁၂ ရက်နေ့တွင် ထုတ်ပစ်ခဲ့ပြီး အတန်း ပိုင် ဆရာမ ဒေါ်မိမိလေးအားလည်း ထွက်စာတင်ရန် အမိန့်ပေး ပြောဆို ခဲ့ရာ ဆရာမ ဒေါ်မိမိလေးမှာ ၁၉-၁၂-၂၀၁၂ ရက်နေ့တွင် ထွက်စာ တင်ခဲ့ရပါသည်။
ထို့အပြင် ယင်း အထက (၄) ကျောင်းအုပ် ဆရာမကြီးသည် ဒီဇင်ဘာ ကျောင်းပိတ်ရက်တွင်လည်း ကျောင်း လုံးဝ ပိတ်ပေးခြင်း မရှိပဲ ဆရာ ဆရာမ များနှင့် ကျောင်းသား များအား စာသင်စေခဲ့ပါသည်။ နိုင်ငံတော် အစိုးရ ပညာရေး ၀န်ကြီးဌာနမှ ထုတ်ပြန် ထားသော ဥပဒေကို လေးစား လိုက်နာခြင်း မရှိသလို မထီမဲ့မြင် ပြုနေ သကဲ့သို့ ကျောင်းတွင်း အာဏာ ရှင် ဆန်ဆန် အုပ်ချုပ်နေသည်မှာ အနာဂတ် ကျောင်းသူ ကျောင်းသား များအတွက် ရင်လေးစရာ ဖြစ်နေပါဖြင့် အရေးယူ ပေးပါရန် တင်ပြအပ်ပါသည်။

ကျောင်းသား မိဘများ

No comments: