ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Friday, January 15, 2010

NLD ပါတီ၏ အမှားတော်ပုံများ (၆)


ယင်းသို့ နိုင်ငံရေးပါတီအချင်းချင်း မလိမ်မ့တပတ်လုပ်ခဲ့သော NLD သည် ၁၉၈၉ခုနှစ်ဇူလိုင်လ (၁၉)ရက် (၄၂) မြောက်အာဇာနည်နေ့ကို အကြောင်းပြုပြီး အခြားပါတီများကို ခုတုံးလုပ်အသုံးချခဲ့ပြန်သည်။ ဒေါ်စုကြည်နှင့် NLD ကအာဇာနည်နေ့ ချီတက်အလေးပြုမည့် အစီအစဉ်ကို ဒုတိယမြောက် အရေးအခင်းအဖြစ် လုပ်ကြံဖန်တီး ခဲ့ခြင်းဖြစ်သည်။
အစိုးရက အာဇာနည်နေ့အလေးပြုပွဲ အခမ်းအနားသို့ ဒေါ်စုကြည်အပါအ၀င် အာဇာနည်ခေါင်းဆောင်များ၏ မိသားစုများကို ထုံးတမ်းစဉ်အလာအတိုင်း သီးခြားဖိတ်ကြား ခဲ့သည်။ နိုင်ငံရေးပါတီများကိုလည်း တစ်ပါတီလျှင် ကိုယ်စားလှယ် (၁၀)ယောက် တက်ရန်ဖိတ်ကြားခဲ့သည်။ သို့ရာတွင် ဒေါ်စုကြည်က ပြသနာထလုပ်သည်။ ၄င်းအနေဖြင့် သီးခြားမတက်ဘဲပါတီများ ပြည်သူများနှင့် အတူတက်မည်ဟုဆိုသည်။
ဇူလိုင်(၁၃)ရက်နေ့ကျောက်တံတားမြို့နယ်NLD ရုံးတွင် ဒေါ်စုကြည် အာဇာနည်နေ့အခမ်းအနားသို့ စစ်ပါတီ (၁၀)ယောက်တက်ရောက်ရသည်ဆိုသည် ကိုလက်မခံကြောင်း၊ အများပြည်သူနှင့်ဆိုင်သော နေ့ဖြစ်၍ အားလုံးချီတက်အလေးပြု နိုင်ကြောင်း၊ လုံးခြုံရေးတပ်ဖွဲ့များကို ရုပ်သိမ်းပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းသို့ လူစုလူဝေးနှင့် စုပေါင်းချီတက်မည့်အစီအစဉ်သည် ဒုတိယအကြိမ်ဆူပူအုံကြွ အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်လိုက်ခြင်းပင်ဖြစ်သည်။ ဗ က ပ ယူဂျီများကလည်း ဒေါ်စုကြည်၏ အစီအစဉ်ကိုလိုက်နင်းပြီး လှုံဆော်ဖန်တီးမှုများပြုလုပ်ခဲ့ကြသည်။
တစ်နည်းအားဖြင့် အစိုးရနှင့် ပြည်သူလူထုကို ရန်တိုက်ပေးခြင်းပင်ဖြစ်သည်။
ထို့နောက် အာဇာနည်နေ့ ကျင်းပရေးဗဟိုကော်မတီသို့် NLD ဥက္ကဌဦးတင်ဦး လက်မှတ်ရေးထိုးပြီး စာတစ်စောင် ပေးပို့ခဲ့သည်။ နိုင်ငံရေးပါတီ (၁၀၄)ပါတီစုပေါင်းပြီး ပြည်သူလူထုနှင့် အတူချီတက်အလေးပြုရန်စုပေါင်းဆုံး ဖြတ်ထားကြောင်းဟု ဖော်ပြထားသည်။ ထိုစာကိုအောက်ခြေအဆင့်ဆင့်ရှိပါတီရုံးများသို့ လည်းဖြန့်သည်။ ပါတီရုံးများက မြို့နယ်များတွင် သတင်းဆက်လွှင့်သည်။ ၄င်းတို့အစီအစဉ်ဖြင့် မဖြစ်မနေချီတက်မည့်ပုံပေါ် နေပေသည်။
ဇူလိုင်လ(၁၈)ရက်နေ့ညတွင်NLDပါတီလူကြီးပိုင်းတစ်ညလုံးဆွေးနွေးကြသည်။ (၁၉)ရက်နေ့NLDအဖွဲ့ချုပ် ရုံး၌ အာရုံဆွမ်းကပ်အပြီးတွင် ဒေါ်စုကြည်က အာဇာနည် နေ့ချီတက်မည့်အစီအစဉ်ကို ဖျက်လိုက်ကြောင်းကပ် ပြီးမှပြောသည်။ အစိုးရက ကျင်းပသည့် အာဇာနည်နေ့အခမ်းအနားကို သပိတ်မှောက်ကြောင်း ကြေညာချက်ထုတ်မည်ဟုပြောကာ ၄င်းကိုယ်တိုင်ရေသားသည်။ အစိုးရက်NLD အားဆူပူမှုဖန်တီးသည်ဆို သည့် အကြောင်းဖြင့် ဖျက်သိမ်းမည်ကို စိုးရိမ်ပြီး စာထုတ်ရန် လုပ်ခြင်းဖြစ်သည်။

သို့ရာတွင် အစီအစဉ်ဖျက်လိုက်သည်ကို အခြားပါတီများနှင့် အောက်ခြေမှ မသိခဲ့ကြပေ။ ရန်ကုန်မြို့အနှံ့ကြိုတင် လှုံ့ဆော်မှုအရ ချီတက်ရန်စုရုံးမှုများ ရှိလာကြသည်။ လုံခြုံရေးအဖွဲ့က တားဆီးရသဖြင့် အခြေအနေများရှုပ်ထွေးသွားခဲ့သည်။ တားဆီးထိန်းသိမ်း ခံရသူများ လည်းရှိခဲ့သည်။NLD နှင့်ဒေါ်စုကြည်၏ တို့မီးရှို့မီးလုပ်ပြီးခေါင်းရှောင်သွားမှုကို လူငယ်များနှင့် အခြားပါတီများက မကျေမနပ်ဖြစ်ခဲ့ ကြပေသည်။

No comments: