ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Friday, July 18, 2008

အာဇာနည်နေ့ဆန္ဒ

အာဇာနည်နေ့ဆန္ဒ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားနှင့်၊ ပြောချိန်သင့်ပြီ
လွတ်ခွင့်ရနီး၊ လွတ်စည်တီးမှ
ဖျက်ဆီးကြံရွယ၊် အန္တရာယ်သည်
မဖွယ်မရာ၊ တို့ပြည်ရွာ၌
ပေါ်လာမကောင်း၊ ပေါ်ခဲ့ကြောင်း။

ဖျက်ဆီးကြံရွယ်၊ အန္တရာယ်တည့်
နယ်ချဲ့သွေးထိုး၊ ဒေါသအိုးသည်
တိုင်းကျိုးလိုလို၊ ဘာလိုလိုနှင့်
ကိုယ်ကျိုးထဲပိုက်၊ မှောင်ခိုတိုက်သည်
မိုက်ခဲ့မကောင်း၊ မိုက်ခဲ့ကြောင်း။

အမိုက်ကမ်းခတ်၊ သူ့အတတ်ကြောင့်
လွတ်မှုကြိုးပမ်း၊ ခုလတ်လမ်းတွင်
ဆန်းတို့တစ်စု၊ တိုင်းပြည်ပြုတို့
မရှုမလှ၊ ကြွေလိုက်ရသည်
ကျခဲ့မကောင်း ၊ ကျခဲ့ကြောင်း။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းကပြန်ပြောင်း၊ မင်းသားကောင်းကို
အကြောင်းစုံသိ၊ မင့်ဝန်ရှိ၏
ရှိပါကတဲ၊ သူ့စိတ်ထဲ၌
တိတ်စွဲသောက၊ စွဲဒေါသတို့
မကြွစေချင်၊ ပြေစေချင်၏
ပညာအသိ၊ သတိဖြစ်ရေး
အတွေးမှန်ကန်၊ နိုင်ငံလူထု
ကိုသာပြု၍ ၊ ပြုစေချင်၏ ပြုပါဘိ။ ။

(ဆရာဇော်ဂျီ )


2 comments:

Maharburma said...

ဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု

Unknown said...

နဂါး လာလည်သွားပါတယ်
ဒီ blog လေးကို သဘောကျပါတယ်
ကျေးဇူးတင်ပါတယ်.....
သဘောအကျဆုံးကတော့......