ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Thursday, December 6, 2007

ပေါက်ပင်ခွေးမျှော် ဘေးကြီးပေါ် တရားတော်

၂၀၀ရ စက်တင်ဘာလ အရေးအခင်း မဖြစ်ခင်နဲ့ ဖြစ်ပြီးတဲ့နောက် သတင်း site တွေ၊ blog တွေကို ဖတ်ကြည့် မိလိုက်တော့ အစိုးရ ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေ အမျိုးမျိုး ထွက်ပေါ်လာတာ တွေ့ရ ပါတယ်။ ဒီအဖွဲ့အစည်း တွေရဲ့ ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ လူအခွင့်အရေး ဆိုပြီး လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဖွဲ့ပြီး မကြာခင်မှာပဲ အဖွဲ့တစ်ချိွု့ဟာ အထောက်အပံ့ရရှိရေး၊ ငွေကြေး အကူအညီရရှိရေး အတွက် ကင်ပိန်းတွေ အမျိုးမျိုးလုပ်ပီး တစ်ဖုံ၊ မော်တော်ကား တစ်စီးနဲ့ အလှူခံလို့ တစ်နည်း၊ UN ကို စာပို့တဲ့နည်းက တစ်ဖုံနဲ့ အနောက် နိုင်ငံတွေကနေပြီး တစ်စာစာနဲ့ စောင့်မျှော် တောင်းခံနေပြီး ဒီမိုကရေစီ အသွင်သဏ္ဍာန်၊ နိုင်ငံရေး အသွင်သဏ္ဍာန်နဲ့ စီးပွားဖြစ် လုပ်ဆောင် နေကြတာကို တွေ့ရပါတယ်။ ဒီလို ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးကို အကြောင်းပြပြီး ကိုယ်ကျိုးစီးပွားဖြစ် လုပ်ဆောင်နေကြတဲ့ လူတစ်ချို့တွေနဲ့ အဖွဲ့ တစ်ချို့ အတွက် ကျွန်တော် အနေနဲ့ အောက်မှာ ဖော်ပြထားတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ကိံသုကောပမသုတ် ( ပေါက်ပင်ခွေးမျှော် ဘေးကြီးပေါ် တရားတော် ) ဆိုတဲ့ တရားလေးတစ်ပုဒ်ကို နာယူမှတ်သား ဆောင်ရွက်ကြပါလို့ တိုက်တွန်း လိုပါတယ်။

ကိံသုကောပမသုတ်
( ပေါက်ပင်ခွေးမျှော် ဘေးကြီးပေါ် တရားတော် )

ယထာပိ ပုပ္ဖတံ ဒိတွာ ၊ သိင်္ဂါသေလာ ကိံသုကံဝနေ၊
မံသရုက္ခော၊ မယာလဒ္ဓေါ၊ က္ကတိဂန္တန ဝေဂသာ

ယထာပိ - သင်တို့တစ်တွေသည် ၊ ၀နေ - တောကြိုင်ကြီးထဲ၌ ၊ သိင်္ဂါလော - တောမှာ ကျက်စား ပျော်ပါးနေသည့် မြေခွေးသည်၊ ပုပ္ဖတံ - တစ်ပင်လုံး နီရဲရဲ ပွင့်၍ နေသော၊ ကိံသုကံ - ပေါက်ပင်ကြီး ကို ၊ ဒိသွာ - အစာရှာဖွေရန် သွားရင်းလာရင်း ခပ်လှမ်းလှမ်းမှ မြင်တွေ့ရသည်။ ပေါက်ပင်က တစ်ပင်လုံး ရဲရဲနီ ပေါက်ပွင့်တွေကို အမဲသားငါးတွေလို့ မြင်သည်။ ထိုသို့ မြင်လိုက်ရသည်နှင့် မြေခွေးက၊ မယာ - ငါသည်၊ မံသရုက္ခော - အသား သစ်ပင်ကြီးကို၊ လဒ္ဓေါ - ကံကောင်းထောက်မ၍ ငါရလေပြီဟု ၀မ်းသာလျက်ရှိပြီး၊ က္ကုတိ - ဤသို့ တွေးပီး စိတ်ကူးယဉ်ကာ ၊ ဝေဂသာ - အဟုန်အမြန်ဖြင့်၊ ဂန္တန - သစ်ပင်အနီးရောက်အောင် ပြေးသွားခဲ့ပြီး ပေါက်ပင်ပေါ်၌ ပွင့်နေသော ပေါက်ပွင့်များကို မခုန်နိုင်၊ မခူးနိုင်သောကြောင့် သစ်ပင်အောက် ဆောင့်ကြောင်ထိုင်ပြီး မျှော်နေခဲ့ ပါသည်။ ပေါက်ပွင့်ခွေးမျှော် ဆိုသည့်အတိုင်းပင် အသားတစ်များကို စားလိုက်ရပါက အဘယ်မျှ အရသာ ရှိလိုက်မလဲဟု တွေးတော စိတ်ကူးယဉ်ပြီး အပင်အောက်မှာ ထိုင်မျှော်နေပါသည်။

ပတိတံ အတိကံ ပုပ္ဖံ ၊ ဍံသိတွာ အတိလောလုပ္ဖေါ။
နယိဒံ မံသံ အဒုံ မံသံ ယံ ရုက္ခသ္မိ န္တိ ဂဏှာဟိ။

ပတိတံ အတိတံ ပုပ္ဖံ - လေတိုက်၍ တဖုတ်ဖုတ်ကြွေကျလာသော ပေါက်ပွင့်များကို ၊ ဍသိတွာ - ပြေး၍ ကိုက်ပြီးသည်ဖြစ်၍၊ အတိလောလုပ္ဖေါ - အလွန်လောဘကြီးသော ၊ သိင်္ဂါလော - မြေခွေးသည် ၊ ဍံတံတွာ - ကိုက်စားလိုက်ပြီးသည့် နောက်တွင် ၊ က္ကုဒံ - ယခု ကြွေကျလာ၍ ကိုက်စား လိုက်သော အရာဝတ္ထုသည် ၊ နမံသံ - အသားတစ်မဟုတ်သေးပါ၊ ရုက္ခသ္မိံ- သစ်ပင်ကြီးပေါ၌ ၊ ယံ - ရဲရဲနီနေသော အရာဝတ္ထု တို့သည်၊ အတ္တိ - ရှိနေ သေး၏ ။ အဒုံ - ထိုသစ်ပင်၌ ရှိနေသော အရာဝတ္ထု သည်သာလျှင် ၊ မံသံ - အင်မတန် အရာသာရှိသည့် အသားတစ် အစစ် ဖြစ်ပေသည်။ က္ကုတိ - ဤသို့ ဂဏှာဟိ - မှတ်ထင်တွေးတာ ပေါက်ပွင့်များကို ဆက်၍ မျှော်နေရှာလေသည်။

ယခင်ကကဲ့သို့ ပေါက်ပွင့်ကြွေလိုက်၊ ကောက်စားလိုက်နှင့် အကြိမ်ကြိမ် ကြွေကျ၊ အကြိမ်ကြိမ် ကောက်စားနေသော်လည်း အသားတစ်မဟုတ်သေး၊ သစ်ပင်ပေါ်မှာ ကျန်နေသေးသည့် အရာများက အသားတစ် အစစ်ဟု ထင်မှတ်၍ စောင့်မျှော်ရင်းဖြင့် အားမရသေး၊ နောက်ထပ်ကျလာတဲ့ အရာမှ အသားတစ် အစစ်ဟု ဆိုကာ ဆက်၍ ဆက်၍ မျှော်ရင်းဖြင့် အချိန်ကုန်ကာ မိုးချုပ်သွားလေသည်။ ညမှောင်၍ ကျား၊ ကျားသစ်၊ ခြင်္သေ့ တို့ အစာရှာထွက်လာသည်နှင့် အသေဆိုး၍ သေဘေးဒုက္ခ ရောက်ကြရပေတော့သည်။ (သာဓု-သာဓု-သာဓု)

No comments: