ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Saturday, November 10, 2007

မဟာအတုလ ဆရာတော်ဘုရား ဆုံးမစာ

အလောင်းဘုရားအား
သာသနာပြု မင်းအမတ်တို့ မည်သည် ပညာရှိသည့် လယ်လုပ်ယောင်္ကျား ကဲ့သို့ ကျင့်ရာ၏။ ပညာမဲ့ လယ်လုပ်ယောင်္ကျားကဲ့သို့ မကျင့်ရာ။ ကျင့်ဟန်ကား စပါးပင်နှင့် ရော၍ ပေါက်ရောက်သော မြက်ကို စပါးအား ရှိစေခြင်းငှာ ပညာရှိ လယ်လုပ် ယောင်္ကျားတို့သည် နှုတ်၍ ပယ်ကုန်သတည်း။ ပယ်ခြင်းကြောင့် စပါးအားရှိ၍ အသီးကောင်းသတည်း။ အသီးကောင်းခြင်းကြောင့် စီးပွားအများ ဖြစ်သတည်း။
ပညာမဲ့ လယ်လုပ် ယောင်္ကျားတို့သည်ကား စပါးပင်နှင့် အသွင်အလားတူသည့် မြက်ကို ခြားနား၍ မသိ။ မသိခြင်းကြောင့် စပါးပင်ကို နှုတ်မည် ခန့်ညား၍ ပေါင်းမြက်ကို မပယ်ထား၏။ မပယ်ခြင်းကြောင့် စပါးပင် ညံ့၏။ အပင်ညံ့၍ အသီးနည်း၏။ အသီးနည်း၍ အရနည်း၏။ အရနည်း၍ မသုံးလောက်။ မသုံးလောက်၍ သူ့မြီတင်၏ ။ သူ့မြီမဆပ်နိုင်၍ သူ့ကျွန်ဖြစ်ရသကဲ့သို့ သာသနာပြု မင်းအမတ်တို့သည် သိက္ခာရှိသည် မရှိသည်။ သာသနာတော်၌ လျော်သည်။ မလျော်သည်ကို သိအောင် ဗဟုသုတမရှိ၍ သာသနာတော် အညစ်အကြေးကို မရှင်းလင်း နိုင်ပချေသော် ပညာမဲ့ လယ်လုပ်ယောင်္ကျား သူ့ကျွန် ဖြစ်ရသကဲ့သို့တည်း စသည်ဖြင့် မဟာအတုလ ဆရာတော်ဘုရားက လောကဓမ္မထုံးပေါင်းတွင် ဆုံးမတော်မူသည်။

No comments: