ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Thursday, November 22, 2007

သမ္မတဘုရှိ၏ အကြံပေးအရာရှိ ရာထူးမှ နုတ်ထွက်

အမေရိကန် သမ္မတ ဂျော့ဂ်ျဒဗလျူဘုရှ်၏ အိမ်ဖြူတော် ထိပ်တန်းအရာရှိ အသိုင်းအ၀ိုင်းမှ အကြမ်းဖက်မှု တန်ပြန် နှိမ်နင်း ရေးနှင့် အမိမြေလုံခြုံရေး အကြံပေး အရာရှိ ဖန်တောင်ဆင် ရာထူးမှ နုတ်ထွက်ကြောင်း နိုဝင်ဘာ ၁၉ ရက်က ထုတ်ပြန် ကြေညာသည်။
ယခုနှစ် သြဂုတ်လမှ နိုဝင်ဘာလ များအတွင်း အိမ်ဖြူတော် အထက်တန်း အရာရှိ အများအပြား ရာထူးမှ နုတ်ထွက် ခဲ့သည်။ ထိုအရာရှိများတွင် ရှေ့နေချုပ် အယ်လ်ဘာတိုဂွန် ဇာလေ့စ်၊ အိမ်ဖြူတော် ကောင်စီဝင် ဒင်ဘတ်လက်၊ အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ တော်နီစနိုးနှင့် သမ္မတ၏ အထက်တန်း အကြံပေးအရာရှိ ကားလ်ရို့ဗ်တို့ ပါဝင်သည်။ အကြံပေးအရာရှိ ဖန်တောင်ဆင်သည် နောက်ဆုံးရာထူးမှ နုတ်ထွက်သော အိမ်ဖြူတော် အသိုင်းအ၀ိုင်းမှ အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။

No comments: